RC Building Project (All in One Course) Hledan

အမှန်တကယ် ကျွမ်းကျင်မှုကိုပဲ
ဦးစားပေးလိုသူတွေအတွက်

Theory 20% + Pratical 80%

RC Building Project 
All in One Course တစ်ခုကို 
အောက်တိုဘာလ ၁ရက်နေ့ မှာ စဖွင့်ပါတော့မယ်။

6ထပ် RC Structure Building Project ကို 
အခြေခံပြီး သင်မှာပါ။

လက်တွေ့ Project ကို အခြေခံပြီး
သင်ကြားခြင်းကသာ ထိရောက်မှုအရှိဆုံးလို့ 
ယုံကြည်ထားပါတယ်။

သင်တန်းကို အောင်မြင်စွာ
ပြီးမြောက်သွားသူများဟာ

Site Engineer 
QS
QC 
Structural Designer
AutoCAD Drafter 
စသဖြင့် စိတ်အားထက်သန်ရာ 
position ကို ယုံကြည်ချက်မြင့်မားစွာဖြင့်
ဝင်ရောက် လုပ်ကိုင်နိုင်လိမ့်မယ်လို့ 
ယုံကြည်ပါတယ်။

သင်တန်းပြီးရင်တော့ 
သင်တန်းသားတွေအနေနဲ့  
ကိုယ်တိုင်ကြိုးစားအားထုတ်ထားတဲ့ 
RC Building Project တစ်ခု
Assignment တင်ပေးရပါမယ်။
အဲ့ဒီ့ Project အတွက် Presentation 
လုပ်ပေးရပါမယ်။

ဘာတွေ ဘယ်လို သင်မှာလဲ
လေ့လာကြည့်ရအောင်ပါ။

Step 1 
6ထပ် RC Building Project အတွက်
Archi Drawing တွေကို AutoCAD နဲ့ 
ရေးဆွဲတာကို သင်ကြရပါမယ်။
Trainer – Daw khin Khin Phoo

Step 2 
Step 1 မှာ ရေးဆွဲပြီးရလာတဲ့ 
2D Archi Drawing ကို အခြေခံပြီး
Revit နဲ့  3D Building ဆက်ဆွဲရပါမယ်။
Trainer – Daw Pan Lae Lae Mon

Step 3
Archi Drawing တွေကိုကြည့်ပြီး
Structure ဆက်တွက်ပါမယ်။
Theory Concept တွေကိုလေ့လာရင်း
Hand Calculation သီးသန့်  Structure တွက်ပါမယ်။
Structural Designer ပဲလုပ်လုပ်
QC ပဲ လုပ်လုပ်
Site Engineer ပဲလုပ်လုပ် 
ဒီStep ဟာ အရေးကြီးတဲ့ Step မို့ 
ဒီ Step မှာ အချိန်ပိုယူပါမယ်။
ဘာ Software မှ မရှိတောင်
Calculator တစ်လုံးနဲ့  Structure Design
တွက်တက်အောင်သင်ကြားသွားမှာပါ။
Trainer – BTech Tin Ko Ko

Step 4
Hand Calculation ပြီးရင် 
လုပ်ငန်းခွင်မှာ လက်တွေ့ အသုံးချဖို့ 
လိုအပ်တဲ့ Software(ETABS) တွေ ၊ 
Spreadsheet တွေသုံးပြီး
Computerized Structure Design 
တွက်တဲ့အပိုင်းကို ဆက်သွားပါမယ်။
လက်တွက်က ရလာတဲ့ Result နဲ့ 
Software က ရလာတဲ့ Result တွေကို
Compare လုပ်တတ်သွားပါမယ်။
Trainer – Daw Lin Lin Khaing

Step 5
Structure Design တွက်ပြီး 
ရလာတဲ့ Result တွေကို Structural Detailing 
Drawing တွေထုတ်ပါမယ်။
AutoCAD နဲ့ ပဲ တည်ဆောက်ရေး 
လုပ်ငန်းခွင်မှာ အသုံးပြုရမယ့် 
2D Structural Drawing တွေဆက်ဆွဲပါမယ်။
Trainer – Daw Khin Khin Phoo

Step 6
Archi Drawing ရော Structure Drawing
ကော ထွက်လာပြီ ဆိုရင် နောက်ဆုံး 
ကုန်ကျစရိတ်ထွက်တဲ့အထိ Detail Estimate 
တွက်ပါမယ်။
ဒီအဆင့်မှာ Bar Bending Schedule 
ရေးဆွဲတာတွေပါ ပါဝင်ပါမယ်။
Trainer – U Myo Htun Zaw

Step 7
Drawing တွေ Estimate တွေ ပြီးသွားတဲ့နောက်မှာ
Construction Management ပိုင်းကိုသွားပါမယ်။
ဒီအဆင့်မှာ Microsoft Project Schedule ကို
Chapter တစ်ခု အဖြစ်ထည့်ထားပါတယ်။
ဒီ Step မှာ Presentation Skill တွေပါ
လေ့ကျင့်ရပါမယ်။
မြို့ ပြအင်ဂျင်နီယာသုံး Tool များဖြင့်ပါ
လက်တွေ့ သင်ကြားရပါမယ်။
Trainer – U Myo Htun Zaw

ဒီသင်တန်းပြီးသွားခဲ့ရင်လည်း 
လုပ်ငန်းအတွေ့ အကြုံရအောင်
KSI Engineering Co.,Ltd မှာ 
Internship ဆင်းလိုပါက စီစဉ်ပေးနိုင်ပါတယ်။

သင်တန်းတက်ရောက်ဖို့ အတွက်
လိုအပ်ချက်

မြို့ ပြအင်ဂျင်နီယာ ပိုင်းဆိုင်ရာ
Diploma သို့ မဟုတ် ဘွဲ့ တစ်ခုခု ရပြီးသူ
ဖြစ်ရပါမယ်။ 
သို့ မဟုတ်
နောက်ဆုံးနှစ်တက်ရောက်နေသူ
ဖြစ်ရပါမယ်။
Computer Basic နဲ့  
AutoCAD Basic ရရပါမယ်။
ကိုယ်ပိုင် Laptop ယူလာနိုင်ရပါမယ်။
သင်တန်းအတွက် အချိန်ပေးနိုင်ပြီး
သင်တန်းကို ပြီးစီးတဲ့အထိ တက်ရောက်နိုင်ရပါမယ်။

သင်တန်းကြေး – 270000 Ks
၂ရစ်ခွဲပေးနိုင်အောင် စီစဉ်ထားပါတယ်။

၉လပိုင်း ၂၀ရက်နေ့ မတိုင်ခင်
အပ်ပါက သင်တန်းကြေး 30000 Ks 
လျော့ပေးပါမယ်။

သင်တန်းဆရာတွေအတွက် 
ဉာဏ်ပူဇော်ခ 
အခန်းနေရာ
သင်တန်းသုံး ပစ္စည်းနဲ့ ပရိဘောဂ
စာရွက်စာတမ်း
ရေဖိုး၊မီးဖိုးနဲ့ အခွန်အခတွေ
တွက်ကြည့်လိုက်ရင် 
သင်တန်းအတွက် မကျန်ပါဘူး။

ပြည်တွင်း အင်ဂျင်နီယာတွေအတွက်
အမှန်တကယ် လိုအပ်နေတဲ့သင်တန်းမို့ 
ဖွင့်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။

ဒီသင်တန်းတွေအပြင်မှာ တစ်ခုချင်းစီ
လိုက်တက်ပြီး ကုန်ကျစရိတ်ကိုတွက်ကြည့်ပါ။

ဒီလို Project တစ်ခုကို Step 7ခုနဲ့  Series 
သင်တဲ့သင်တန်းရှားပါတယ်။
သင်တန်းပြီး အတွေ့ အကြုံရအောင်
Internship Program တွေပါ 
စီစဉ်ပေးထားပါတယ်။

ပြည်တွင်းအလုပ်အကိုင်တွေနဲ့ ပါ
ချိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။
ကြိုးစားဆဲအဆင့်ဖြစ်တဲ့အတွက် 
သင်တန်းပြီးရင် အလုပ်ပါတခါတည်း
ချိတ်ပေးပါ့မယ်ဆိုတဲ့ ဂတိတော့မပေးနိုင်သေးပါဘူး။

သင်တန်းကာလက 
အနည်းဆုံး နာရီပေါင်း 140 သင်မှာမို့ 
သင်တန်းချိန်က ရုံးချိန်မလွတ်ပါ။

တစ်ပတ် ၅ရက် 
တနင်္လာ to သောကြာ 
တစ်ရက် ၃နာရီသို့ မဟုတ် ၄နာရီ 
အနည်းဆုံးရက်ပေါင်း ၄၀ တက်ရမှာပါ။
ခန့် မှန်း ၂လ ကျော်ကြာပါမယ်။
အနည်းဆုံးတက်ရမယ့်ရက်အရေအတွက်ပါ။
သင်တန်းသားရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး
ဒီထက်လည်း ပိုကြာနိုင်ပါတယ်။

သင်တန်းစမည့်ရက်
14.10.2019
သင်တန်းချိန် – တနင်္ဂလာ to သောကြာ
နေ့ လည်နာရီ၁နာရီမှ ၄နာရီခွဲထိ

သင်တန်းပြီးရင်တော့ 
သင်တန်းသားတွေအနေနဲ့  
ကိုယ်တိုင်ကြိုးစားအားထုတ်ထားတဲ့ 
RC Building Project တစ်ခု
Assignment တင်ပေးရပါမယ်။
အဲ့ဒီ့ Project အတွက် Presentation 
လုပ်ပေးရပါမယ်။
Project Assignment ကို ကြီးကြပ်မယ့်
Supervisor လည်း စီစဉ်ထားပါတယ်။

အောင်မြင်ပြီးမြောက်သူများကို
KSI Institute က
Professional Certificate နဲ့ 
KSI Engineering Co.,Ltd က
Recommendation Letter ပေးအပ်မှာ
ဖြစ်ပါတယ်။

လူဦးရေကို အများဆုံး ၂၅ယောက်သာ
လက်ခံပါမယ်။

စိတ်ဝင်စားရင် 09789444780 ကို
စုံစမ်းလို့ ရပါတယ်။

သင်တန်းကတော့ 
လှည်းတန်းမှာ တက်ရပါမယ်။

KSI Engineering အကြောင်း
အသေးစိတ်သိလိုရင် http://www.ksiengr.com
မှာဝင်ကြည့်နိုင်ပါတယ်။

KSI Engineering ရဲ့ Founder Profile ကို
https://ksiengr.com/p/fdke/ မှာ 
ဝင်ကြည့်နိုင်ပါတယ်။